Sunday, February 21, 2016

မိ MPU ကတ်အား www.myanpay.com.com တွင် အသုံးပြုနိုင်ရန်အတွက် ဘဏ်သို့ လူကိုယ်တိုင်သွားစရာမလိုဘဲ Online ပေါ်မှ တစ်ဆင့် MPU E-commerce အား တိုက်ရိုက်လျှောက်ထားနိုင်ပါပြီ

မိမိ MPU ကတ်အား www.myanpay.com.com တွင် အသုံးပြုနိုင်ရန်အတွက် ဘဏ်သို့ လူကိုယ်တိုင်သွားစရာမလိုဘဲ Online ပေါ်မှ တစ်ဆင့် MPU E-commerce အား တိုက်ရိုက်လျှောက်ထားနိုင်ပါပြီ ...
.
၁။ ပထမဦးစွာ https://www.myanpay.com.mm သို့ သွား၍ မိမိ၏ MyanPay Account ဖြင့် Login ဝင်ပါ။

၂။ Login ဝင်ရောက်ပြီးပါက လူကြီးမင်း၏ MyanPay Account မှ ‘Add Funds From MPU Card’ ကိုရွေးချယ်ပေးပါ။

၃။ ထို့နောက် မိမိငွေဖြည့်သွင်းလိုသော ငွေပမာဏအား ထည့်သွင်း၍ ‘Calculate’ Button အား နှိပ်ပေးပါ။ ထို့နောက် ‘Add Fund’ Button အား နှိပ်ပေးပါ။

၎။ ထို့နောက် ခေတ္တစောင့်ပေးပါ။ MPU Payment Page သို့ ရောက်ရှိသွားပါလိမ့်မည်။

၅။ မိမိ၏ MPU Card အချက်အလက်များအား ထည့်သွင်းပေးပါ။

၆။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား ဖွင့်လှစ်ပြီး ဖြစ်ပါက Card Number ဘေးတွင် အစိမ်းရောင် အမှန်ခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။

၇။ မိမိ၏ MPU Card သည် Online တွင် အသုံးပြုရန်အတွက် MPU E-commerce အား မဖွင့်ရသေးပါက Card Number ဘေးတွင် အနီရောင် အမှားခြစ်ဖြင့် ဖော်ပြပေးပါလိမ့်မည်။

၈။ ထိုအဆင့်တွင် အနီရောင် အမှားခြစ်ဘေးရှိ Question Mark (?) အား နှိပ်ပေးပါ။ 'Register Now' ဟူ၍ ပေါ်လာပါလိမ့်မည်။

၉။ ထို့နောက် မိမိ၏ အမည်၊ Email လိပ်စာ၊ မှတ်ပုံတင် စသည့်အချက်အလက်များအား ဖြည့်သွင်း၍ MPU E-commerce အား လျှောက်ထားပေးပါ။

၁၀။ Online မှ လျှောက်ထားပြီး ၃ ရက်အကြာတွင် မိမိ၏ MPU Card အား www.myanpay.com.com တွင် အသုံးပြုနိုင်ရန်အတွက် E-commerce စနစ် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Email ဖြင့် MPU မှ အကြောင်းကြားပေးပါလိမ့်မည်။

No comments:

Post a Comment